
ပိုလန်လက်ရွေးစင်အသင်းရဲ့ ၀ါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက လက်ရှိနည်းပြ ပရိုဘီယာ့ဇ်လက်အောက်မှာ ပိုလန်အသင်းအတွက် ထပ်မကစားတော့ဘူးလို့ ကြေညာလိုက်ပါတယ်။
လီဝန်ဒေါစကီးက ပိုလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၁၅၈)ပွဲကစားပြီး (၈၅)ဂိုး သွင်းယူပေးထားသူပါ။
အသက် (၃၆)နှစ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးက ပိုလန်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ၂၀၁၄ ကတည်းက တာဝန်ယူခွင့်ရခဲ့ပေမဲ့ အခုတစ်ပတ် နိုင်ငံတကာရက်သတ္တပတ်မှာ နည်းပြ ပရိုဘီယာ့ဇ်က အင်တာမီလန်ကွင်းလယ်ကစားသမား ဇီလင်စကီးကို အသင်းခေါင်းဆောင်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
ဒါကြောင့် လီဝန်ဒေါစကီးက အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့အပြင် ပရိုဘီယာ့ဇ် နည်းပြအဖြစ် ဆောင်ရွက်နေသမျှ ပိုလန်လက်ရွေးစင်အသင်းအတွက် ထပ်မကစားတော့ဘူးလို့ ကြေညာခဲ့တာပါ။
ပရိုဘီယာ့ဇ်က ၂၀၂၃ မှာမှ ပိုလန်လက်ရွေးစင်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူပါ။