Eleven Media Group

ချာကီကို မန်စီးတီး သဘောတူညီမှုရရှိပြီး ဂိုးသမား စကော့ကာဆန်နဲ့ လမ်းခွဲမယ်

Photo: Getty Images

မန်စီးတီးအသင်းဟာ လိုင်ယွန်အသင်းက ပြင်သစ်တိုက်စစ်ကစားသမား ချာကီကို သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

မန်စီးတီးအသင်းက ချာကီအတွက် လိုင်ယွန်အသင်းကို ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ နဲ့ အပိုဆုကြေးတွေ ပေးချေမှာဖြစ်သလို၊ တခြားအသင်းဆီ ပြန်ရောင်းထုတ်ခဲ့ရင် အကျိုးအမြတ်ထပ်ပေးရမယ်လို့လည်း သိရပါတယ်။

မန်စီးတီးအသင်းက အသက် ၂၁ နှစ်သာရှိသေးတဲ့ ချာကီကို ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာပါ။

မန်စီးတီးအသင်းမှာ ၆ နှစ်အတွင်း ပွဲချိန် ၁၀၈ မိနစ်သာ ကစားခွင့်ရခဲ့တဲ့ အင်္ဂလန်ဂိုးသမား စကော့ကာဆန်ကတော့ ဇွန်လကုန်ရင် လမ်းခွဲရတော့မှာပါ။

အသက် ၄၀ ပြည့်တော့မယ့် စကော့ကာဆန်ကို မန်စီးတီးအသင်းက သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

စကော့ကာဆန်ဟာ မန်စီးတီးမှာ နှစ်ပွဲသာ ကစားခွင့်ရခဲ့ပေမဲ့ ဆုဖလား ၁၁ လုံး ရယူနိုင်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group