Eleven Media Group

စထရာဘိုးနောက်ခံလူ မာမာဒူဆားကို ကလပ်ကမ္ဘာ့ဖလားအမီ ချယ်လ်ဆီးခေါ်ယူ

Photo: Chelsea

ချယ်လ်ဆီးအသင်းက စထရာဘိုးအသင်းက ပြင်သစ်နောက်ခံလူ မာမာဒူဆားကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ခေါ်ယူလိုက်ပါတယ်။

ချယ်လ်ဆီးနဲ့ စထရာဘိုးအသင်းက မိတ်ဖက်ကလပ်တွေဖြစ်ပြီး မာမာဒူဆားကို ခေါ်ယူဖို့ ဇန်နဝါရီကတည်းက သဘောတူညီမှုရထားခဲ့တာပါ။

မာမာဒူဆား (၁၉ နှစ်)အတွက် ပြောင်းရွှေ့ကြေးပေါင် (၁၂)သန်း သုံးစွဲခဲ့ရပြီး (၈) နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

မာမာဒူဆားဟာ ဒီနွေမှာ ချယ်လ်ဆီးအသင်း ခေါ်ယူတဲ့ စတုတ္ထမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ကစားသမားသစ် (၄) ဦးအတွက် ပေါင်သန်း (၉၀) ဝန်းကျင် သုံးစွဲခဲ့ရပါတယ်။

မူရင်းသတင်း — Eleven Media Group