Eleven Media Group

■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် နောက်ဆုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: AFC

♦ ဆော်ဒီအာရေဗျ - သြစတြေးလျ (မြန်မာစံတော်ချိန် ဇွန်လ ၁၁ ရက် နံနက် ၀၀:၄၅ နာရီ)

ခြေစစ်ပွဲတိုက်ရိုက်အောင်ခွင့် တစ်နေရာအတွက် အဆုံးအဖြတ်ပွဲပါ။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက ဂိုးကွာခြားချက်စည်းမျဉ်းနဲ့ ဆုံးဖြတ်တာဖြစ်လို့ လက်ရှိအနေအထားအရ ဆော်ဒီအာရေဗျအဖို့ မဖြစ်နိုင်လောက်တဲ့ အခြေအနေတစ်ရပ်ပါပဲ။ ဆော်ဒီအသင်း ခြေစစ်ပွဲအောင်ဖို့ သြစတြေးလျကို ငါးဂိုးပြတ်သွင်းဖို့ လိုပါတယ်။ ဒီနှစ်သင်းကြား ခြားနားချက်က ဘာမှမရှိပါဘူး။ သရေကျဖို့များတယ်။

♦ ဂျပန် - အင်ဒိုနီးရှား (မြန်မာစံတော်ချိန် ဇွန်လ ၁၀ ရက် ညနေ ၅:၀၅ နာရီ)

နှစ်သင်းစလုံးအတွက် အမှတ်မလိုအပ်တော့ပါဘူး။ ဂျပန်အနေနဲ့ အိမ်ကွင်းဖြစ်လို့ အနိုင်ကစားမှာဖြစ်ပြီး နှစ်ဂိုးလောက်ပြတ်နိုင်တယ်။

♦ အခြားပွဲစဉ်များ

*တောင်ကိုရီးယား - ကူဝိတ် (မြန်မာစံတော်ချိန် ဇွန်လ ၁၀ ရက် ညနေ ၅:၃၀ နာရီ)
*တရုတ် - ဘာရိန်း (မြန်မာစံတော်ချိန် ဇွန်လ ၁၀ ရက် ညနေ ၅:၃၀ နာရီ)
ကာဂျစ္စတန် - ယူအေအီး* (မြန်မာစံတော်ချိန် ဇွန်လ ၁၀ ရက် ည ၈:၁၅ နာရီ)
ဥဇဘက်ကစ္စတန် - ကာတာ* (မြန်မာစံတော်ချိန် ဇွန်လ ၁၀ ရက် ည ၈:၁၅ နာရီ)
*အီရန် - မြောက်ကိုရီးယား (မြန်မာစံတော်ချိန် ဇွန်လ ၁၀ ရက် ည ၁၀:၃၀ နာရီ)
*ဂျော်ဒန် - အီရတ် (မြန်မာစံတော်ချိန် ဇွန်လ ၁၁ ရက် နံနက် ၀၀:၄၅ နာရီ)
ပါလက်စတိုင်း - အိုမန်* (မြန်မာစံတော်ချိန် ဇွန်လ ၁၁ ရက် နံနက် ၀၀:၄၅ နာရီ)

မူရင်းသတင်း — Eleven Media Group