
Transfermarkt က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ စျေးကွက်တန်ဖိုး အမြင့်ဆုံး ကစားသမားစာရင်းမှာ ယမားလ်က ထိပ်ဆုံးနေရာ ရရှိခဲ့ပါတယ်။
လာမယ့် ဇူလိုင်မှာမှ အသက်(၁၈)နှစ်ပြည့်မယ့် စပိန်နဲ့ ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက်ကစားသမားကို Transfermarkt က စျေးကွက်တန်ဖိုး ယူရိုသန်း(၂၀၀) လို့ သတ်မှတ်ပေးခဲ့တာပါ။
ဒုတိယနေရာကိုတော့ ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်၊ မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ ရီးယဲလ်တိုက်စစ်မှူး ဘာပေတို့က ယူရိုသန်း(၁၈၀)စီနဲ့ ပူးတွဲသိမ်းပိုက်ခဲ့ပါတယ်။
စျေးကွက်တန်ဖိုးအမြင့်ဆုံး ကစားသမား(၁၀)ဦးစာရင်းမှာ လာလီဂါကစားသမား (၆)ဦးအထိ ပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ဘွန်ဒစ်လီဂါက (၂)ဦးစီ ပါဝင်ခဲ့ပါတယ်။
ဒီစာရင်းထဲ ပါဝင်နေတဲ့ လေဗာကူဆင်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကတော့ လီဗာပူးလ်ကို ရောက်ဖို့ နီးစပ်နေပါပြီ။