
စပါးအသင်းဟာ ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးနေပြီလို့ BBC Sport က ဖော်ပြခဲ့ပါတယ်။
ဒိန်းမတ်လူမျိုး ဖရန့်ခ်(၅၁ နှစ်)ဟာ ပိုစတီကိုဂလူးကို ရာထူးက ထုတ်ပယ်ပြီးကတည်းက စပါးအသင်းနည်းပြသစ်အဖြစ် ထိပ်ဆုံးက အပြတ်အသတ် ရေပန်းစားခဲ့တာပါ။
ဖရန့်ခ်ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာပါ။
စပါးအသင်းအနေနဲ့ ဖရန့်ခ်ကိုခေါ်ယူရန် လျော်ကြေး ပေါင် ၁၀ သန်းအထက် ကုန်ကျနိုင်တယ်လို့ သိရပါတယ်။
ဖရန့်ခ်ဟာ ဘရန့်ဖို့ဒ်အသင်းက သူ့ရဲ့နည်းပြအဖွဲ့ဝင် ဘယ်နှဦးကို စပါးအသင်းထံ ခေါ်ဆောင်မလဲပေါ်မှာမူတည်ပြီး လျော်ကြေးငွေပမာဏ အပြောင်းအလဲ ရှိလာနိုင်ပါတယ်။
ဖရန့်ခ်က ဘရန့်ဖို့ဒ်အသင်းကို ၂၀၁၈ ခုနှစ်မှာ စတင်တာဝန်ယူပြီး ပရီးမီးယားလိဂ်ကို တန်းတက်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
ဘရန့်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရာသီမှာ အဆင့် ၁၀ နေရာ ရပ်တည်ခဲ့ပြီး စပါးအသင်းကို ၁၈ မှတ် ဖြတ်နိုင်ခဲ့ပါတယ်။