
မန်စီးတီးအသင်းဟာ အိုင်နူရီကို ခေါ်ယူပြီးနောက် လိုင်ယွန်တိုက်စစ်ကစားသမား ချာကီကိုလည်း ခေါ်ယူဖို့ သေချာသလောက် ရှိနေပါတယ်။
ချာကီ(၂၁ နှစ်)အနေနဲ့ စပိန်နဲ့ကစားခဲ့တဲ့ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်း ပွဲဦးထွက်ခဲ့တာပါ။
ချာကီဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀+အပိုကြေးတွေနဲ့ ရောက်ရှိဖို့ များနေပါတယ်။
ချာကီအနေနဲ့ မန်ချက်စတာကို ရောက်ရှိနေကာ ယနေ့မှာ ဆေးစစ်မှုခံယူပြီး ငါးနှစ်စာချုပ် ချုပ်ဆိုဖို့ ရှိပါတယ်။
၎င်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဂွါဒီယိုလာရဲ့လူစာရင်းမှာ ပါဝင်လာမှာဖြစ်ပါတယ်။
ချာကီကို အင်္ဂလန်နဲ့ ဂျာမနီကလပ် အများအပြား စိတ်ဝင်စားခဲ့ကြပြီး မန်စီးတီးအသင်းက လက်ဦးမှု ရယူခဲ့တာပါ။
မန်စီးတီးအသင်းဟာ အခုတစ်ပတ်အတွင်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်ဖို့ ဖလော်ရီဒါကို သွားရောက်မှာဖြစ်ပါတယ်။
မန်စီးတီးအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၈ ရက်မှာ မော်ရိုကိုကလပ် Wydad AC အသင်းနဲ့ ကစားရပါလိမ့်မယ်။