
မြန်မာ - ပါကစ္စတန် (မြန်မာစံတော်ချိန် ဇွန် ၁၀ ရက် ညနေ ၅:၀၀ နာရီ)
နှစ်သင်းစလုံး နောက်ဆုံး (၅) ပွဲမှာ (၁) ပွဲပဲ အနိုင်ရထားတာပါ။ ဒါပေမဲ့ မြန်မာအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အာဖဂန်နစ္စတန်ကို အနိုင်ရထားတယ်။ ပြီးတော့ မြန်မာတိုက်စစ်ကို ဦးဆောင်လာမယ့် မောင်မောင်လွင်က မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးကို တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းထားတာကြောင့် ဒီပွဲအတွက်လည်း စိတ်အား တက်ကြွနေနိုင်တယ်။ ဒါပြင် အိမ်ကွင်းလည်း ဖြစ်နေလို့ မြန်မာအသင်း အနိုင်ကစားမယ်ထင်တယ်။
မလေးရှား - ဗီယက်နမ် (မြန်မာစံတော်ချိန် ဇွန် ၁၀ ရက် ည ၇:၃၀ နာရီ)
မလေးရှားက ခြေစွမ်းကျဆင်းနေပြီး ဗီယက်နမ်ကတော့ နောက်ဆုံး (၅) ပွဲဆက် အနိုင်ရထားတယ်။ ဒီနှစ်သင်း နောက်ဆုံး တွေ့ဆုံမှု (၅) ကြိမ်မှာလည်း ဗီယက်နမ်အသင်းကပဲ ဆက်တိုက် အနိုင်ရထားတယ်။ ဒီပွဲမှာ မလေးရှားအတွက် အားသာတာက အိမ်ကွင်းဖြစ်နေတာဖြစ်ပြီး ခြေစွမ်းအရဆိုရင်တော့ ဗီယက်နမ်ပဲ အနိုင်ရမှာပါ။
ဘင်္ဂလားဒေ့ရှ် - စင်ကာပူ (မြန်မာစံတော်ချိန် ဇွန် ၁၀ ရက် ည ၇:၃၀ နာရီ)
စင်ကာပူက နောက်ဆုံး (၅) ပွဲမှာ မော်လ်ဒိုက်စ် တစ်သင်းကိုပဲ အနိုင်ရထားပြီး ခြေစွမ်းဆိုးရွားနေတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ နောက်ပိုင်းမှာ ခြေစွမ်းတိုးတက်လာပြီး အိန္ဒိယကိုတောင် သရေကစားထားတယ်။ အိမ်ရှင်အားသာချက်လည်း ရှိနေလို့ ဘင်္ဂလားဒေ့ရှ်ကို ကြိုက်တယ်။
တာ့ခ်မင်နစ္စတန် - ထိုင်း (မြန်မာစံတော်ချိန် ဇွန် ၁၀ ရက် ည ၉:၃၀ နာရီ)
တာ့ခ်မင်နစ္စတန်က နောက်ဆုံး (၅) ပွဲမှာ တရုတ်တိုင်ပေတစ်သင်းကိုပဲ အနိုင်ရထားတယ်။ ထိုင်းကတော့ အာဆီယံမှာ ထိပ်တန်းအဆင့် ရှိနေဆဲဖြစ်ပြီး နောက်ဆုံး (၃) ပွဲဆက် အနိုင်ရထားတယ်။ တာ့ခ်မင်နစ္စတန် အိမ်ကွင်းဖြစ်ပေမဲ့ ထိုင်းပဲ အနိုင်ရသွားမှာပါ။
■ အခြားပွဲစဉ်များ
*သီရီလင်္ကာ - တရုတ်တိုင်ပေ (မြန်မာစံတော်ချိန် ဇွန် ၁၀ ရက် ညနေ ၄:၄၅ နာရီ)
ဖိလစ်ပိုင် - တာဂျစ်ကစ္စတန်* (မြန်မာစံတော်ချိန် ဇွန် ၁၀ ရက် ညနေ ၅:၃၀ နာရီ)
ဟောင်ကောင် - အိန္ဒိယ* (မြန်မာစံတော်ချိန် ဇွန် ၁၀ ရက် ညနေ ၆:၃၀ နာရီ)
*လာအို - နီပေါ (မြန်မာစံတော်ချိန် ဇွန် ၁၀ ရက် ညနေ ၆:၃၀ နာရီ)
*ဘရူနိုင်း - ဘူတန် (မြန်မာစံတော်ချိန် ဇွန် ၁၀ ရက် ညနေ ၆:၄၅ နာရီ)
အာဖဂန်နစ္စတန် - ဆီးရီးယား* (မြန်မာစံတော်ချိန် ဇွန် ၁၀ ရက် ည ၁၁:၄၅ နာရီ)