
မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမားသစ် ချာကီက မန်စီးတီးကိုပြောင်းရွှေ့ခဲ့ခြင်းမှာ ကစားသမားဘဝနောက်တစ်ဆင့်ဖို့ အခွင့်အရေးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဇွန် (၁၀) ရက်မှာ လိုင်ယွန်အသင်းက ပြင်သစ်လက်ရွေးစင်ကွင်းလယ်တိုက်စစ်ကစားသမား ချာကီကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀) နဲ့ ခေါ်ယူခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အထိ (၅) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။
အသက် (၂၁) နှစ်အရွယ် ချာကီအနေနဲ့ ဇွန် (၁၄) ရက်မှာ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းအတွက် ကစားခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။
မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ခြင်းနဲ့ပတ်သက်လို့ ချာကီက "ကျွန်တော့်အတွက်တော့ ဒါက အိပ်မက်ပါပဲ။ ရိုးရိုးသားသားပြောရမယ်ဆိုရင် မန်စီးတီးလိုအသင်းမျိုးမှာ ကစားခွင့်ရတာဟာ ကစားသမားဘဝ နောက်တစ်ဆင့်ကို တက်ဖို့ အရမ်းကိုကောင်းမွန်တဲ့ အခွင့်အရေးဖြစ်ပါတယ်"လို့ ပြောကြားခဲ့တာပါ။
မန်စီးတီးအသင်းဟာ ၂၀၂၄-၂၅ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားရဲ့ နေရာမှာ အစားထိုးဖို့အတွက် ချာကီကို ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အခုနွေရာသီမှာ ဝုလ်ဗ်နောက်ခံကစားသမား အိုင်နူရီ၊ ချယ်လ်ဆီးဂိုးသမား ဘန်တီနယ်လီတို့ကို ခေါ်ယူထားပြီး ချာကီဟာ အသင်းရဲ့ တတိယမြောက်ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။