Eleven Media Group

■ အသင်းတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုကို မန်ချက်စတာယူနိုက်တက် စျေးနှုန်းသတ်မှတ်

Photo: Getty Images

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုကို စျေးနှုန်းသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် (၂၀) အရွယ် အာဂျင်တီးနားလက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုဟာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ကစားခွင့်မရခြင်းအပေါ် လူသိရှင်ကြားဝေဖန်ခဲ့ပြီးနောက် အသင်းနည်းပြ အာမိုရင်မ်နဲ့ ဆက်ဆံရေးပြိုကွဲခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဂါနာချိုအနေနဲ့ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာရမယ်လို့ သတင်းထွက်နေပြီး သူ့ကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ အက်သလက်တီကို၊ နာပိုလီ၊ အက်စတွန်ဗီလာနဲ့ လေဗာကူဆင်အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေတာပါ။

The Independent သတင်းစာရဲ့ ဖော်ပြမှုအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုအခါ ဂါနာချိုကို ပေါင်သန်း (၇၀) စျေးနှုန်း သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းငယ်မွေးခြံပေါက်ကစားသမား ဂါနာချိုကို စျေးရနိုင်တဲ့ ကစားသမားအဖြစ် သတ်မှတ်ထားပြီး သူ့ကို ရောင်းထုတ်အားဖြင့် ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းကိုလည်း စောင့်ထိန်းရာ ရောက်မယ်လို့ ယုံကြည်နေကြောင်းလည်း The Independent က ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုအချိန်ကစပြီး ဂါနာချိုအတွက် ထိုက်တန်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာမယ်ဆိုရင် လက်ခံစဉ်းစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group