Eleven Media Group

■ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်း ဗိုလ်စွဲမယ်လို့ ဂျရီမီ ခန့်မှန်း

Photo: Getty Images

ချယ်လ်ဆီးကစားသမားဟောင်း ဂျရီမီက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းမှာ ဗိုလ်စွဲမှာဖြစ်ပြီး အသင်းတိုက်စစ်ကစားသမား ပါလ်မာက ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ရလိမ့်မယ်လို့ ခန့်မှန်းပြောကြားခဲ့ပါတယ်။

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန် (၁၄) ရက်ကနေ ဇူလိုင် (၁၃) ရက်အထိ အမေရိကန်နိုင်ငံမှာ ကျင်းပမှာ ဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာ အုပ်စု (D) မှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂို၊ တူနီးရှားကလပ် တူနစ်၊ အမေရိကန်ကလပ် လော့စ်အိန်ဂျယ်လိစ်အသင်းတို့နဲ့အတူ ကျရောက်နေတာပါ။

ဂျရီမီက အဲဒီပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်း ဗိုလ်စွဲမယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပြီး ပါလ်မာက ချယ်လ်ဆီးအသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ပါလ်မာက ချယ်လ်ဆီးအသင်းနဲ့အတူ ဆုဖလားတွေ ရယူချင်နေတာပါ။ အဲဒီစိတ်ဓာတ်က သူ့ကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆုကို ရစေပါလိမ့်မယ်။ သူက တစ်ဦးချင်းဆုတွေကို သိပ်အာရုံစိုက်နေမှာ မဟုတ်ပေမဲ့ ချယ်လ်ဆီးအသင်းသာ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့မယ်ဆိုရင် သူက ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်လာမှာပါ။ ပါလ်မာက အရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီး သူ့အနေနဲ့ အခုလိုပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေကို သူ ဘယ်လောက်ကောင်းတယ်ဆိုတာကို သက်သေပြပါလိမ့်မယ်"လို့ ဂျရီမီက ပြောကြားခဲ့တာပါ။

အသက် (၂၃) နှစ်အရွယ် အင်္ဂလန်တိုက်စစ်ကစားသမား ပါလ်မာဟာ ၂၀၂၃ နွေရာသီမှာ မန်စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။ သူဟာ ချယ်လ်ဆီးအသင်းအတွက် (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၉၁) ပွဲမှာ ဂိုး (၄၀) သွင်းပြီး ဂိုးဖန်တီးမှု (၂၇) ကြိမ်အထိ ပြုလုပ်ထားတာပါ။

မူရင်းသတင်း — Eleven Media Group