Eleven Media Group

■ PSG အသင်းမှာ ဆက်နေချင်တယ်လို့ ဒွန်မာရမ်မာ ဖွင့်ဟ

Photo: Getty Images

PSG အသင်းဂိုးသမား ဒွန်မာရမ်မာက သူ့အနေနဲ့ အသင်းမှာ ဆက်နေချင်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

အသက် (၂၆) နှစ်အရွယ် အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာဟာ PSG အသင်းနဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့ PSG အသင်းမှာ အဓိကလက်စွမ်းပြခဲ့ပေမဲ့ အခုနွေမှာ အသင်းကထွက်ခွာဖွယ်ရှိတယ်လို့ သတင်းထွက်နေပြီး မန်ချက်စတာမြို့ခံအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့က သူ့ကိုခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းထွက်နေတာပါ။

ဒါပေမဲ့ အခုအခါမှာတော့ ဒွန်နာရမ်မာက PSG အသင်းမှာ ဆက်နေဖို့က သူ့ရဲ့ ပထမဦးစားပေးဖြစ်တယ်လို့ Sky Sports Italia နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

ဒွန်နာရမ်မာက "ကျွန်တော့်ရဲ့ ပထမဦးစားပေးက PSG အသင်းမှာ ဆက်နေဖို့ပါပဲ။ အသင်းနဲ့ ဆွေးနွေးမှုမှာ ပြဿနာရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ လက်ရှိမှာ အကောင်းဆုံးအစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဒွန်နာရမ်မာဟာ ၂၀၂၁ နွေရာသီမှာ အေစီမီလန်အသင်းကနေ PSG အသင်းဆီသို့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် (၄) ရာသီအတွင်း ပြိုင်ပွဲစုံ (၁၅၄) ပွဲ ကစားထားတာပါ။

မူရင်းသတင်း — Eleven Media Group