
မန်စီးတီးအသင်းဟာ လိုင်ယွန်အသင်းက ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမား ချယ်ကီကို ထပ်မံခေါ်ယူခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ ချယ်ကီအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၀.၄၅ သန်းလောက် ကုန်ကျဖို့ရှိပါတယ်။
အသက် ၂၁ နှစ်သာရှိသေးတဲ့ ချယ်ကီဟာ မန်စီးတီးအသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
၎င်းအနေနဲ့ ဇွန်လ ၁၄ ရက်မှာ စတင်ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းမှာ ပါဝင်လာမှာဖြစ်ပါတယ်။
ချယ်ကီဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလက ၁၆ နှစ်အရွယ်မှာ စီနီယာ ပွဲဦးထွက်ခဲ့ပြီး ၁၈၅ ပွဲကစား ၂၉ ဂိုးသွင်းကာ ၄၅ ဂိုး ဖန်တီးပေးခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ကာဆင်နဲ့ လမ်းခွဲပြီးနောက် ချယ်လ်ဆီးအရန်ဂိုးသမား ဘတ်တင်နယ်လီကို ခေါ်ယူခဲ့ပါတယ်။
ဘတ်တင်နယ်လီ(၃၃ နှစ်)ဟာ ၂၀၂၁ ခုနှစ်မှာ ဖူလ်ဟမ်အသင်းကနေ ချယ်လ်ဆီးကို ရောက်လာခဲ့ပေမဲ့ တစ်ပွဲသာ ကစားခဲ့ရပါတယ်။
မန်စီးတီးအသင်းအနေနဲ့ တနင်္လာနေ့ကလည်း ဝုလ်ဗ်အသင်းက အိုင်နူရီကို ခေါ်ယူထားလို့ အခုနွေရာသီမှာ ကစားသမားသစ် သုံးဦးအထိ ရှိလာခဲ့ပါတယ်။