Eleven Media Group

■ ဖလော်ရီယန်ဗက်ဇ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ လီဗာပူးလ်အသင်း သဘောတူညီမှုရရှိ

Photo: Transfermarkt

လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်းက ဂျာမန်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

လီဗာပူးလ်နဲ့ လေဗာကူဆင်အသင်းအကြား ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ (ပေါင် ၁၂၆.၉ သန်း)နဲ့ သဘောတူညီမှု ရခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဗက်ဇ်ရဲ့ပြောင်းရွှေ့ကြေးဟာ ယခင်ဗြိတိန်စံချိန်တင်ဖြစ်တဲ့ ကော်တင်ဟို လီဗာပူးလ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ချိန်က ယူရို ၁၃၅ သန်းကို ကျော်ဖြတ်စံချိန်တင်ခဲ့တာပါ။

ဒါ့အပြင် ယခင် ကစားသမားခေါ်ယူမှု အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ်တဲ့ ချယ်လ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူချိန် ယူရို ၁၂၁ သန်းထက်လည်း ပိုများခဲ့ပါတယ်။

ဗက်ဇ်(၂၂ နှစ်)ဟာ ဘိုင်ယန်မြူးနစ်ကို ငြင်းဆန်ကာ ပရီးမီးယားလိဂ်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး အစောပိုင်းကလည်း မန်စီးတီးနဲ့ သတင်းထွက်ခဲ့ပါတယ်။

အပြောင်းအရွှေ့အတွက် နှစ်ဖက်အသင်းကြား အပြီးသတ်သဘောတူညီမှု ရခဲ့ပြီး ဆေးစစ်ဖို့နဲ့ စာချုပ်ချုပ်ဆိုဖို့သာ ကျန်ပါတော့တယ်။

လီဗာပူးလ်အသင်းဟာ မကြာသေးခင်ကလည်း လေဗာကူဆင်အသင်းက ဒတ်ချ်နောက်ခံလူ ဖရင်ပေါင်ကို ခေါ်ယူထားပါတယ်။

မူရင်းသတင်း — Eleven Media Group