
အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်းက စပိန်လက်ရွေးစင်ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
စပိန်သတင်းများကို ကိုးကားပြီး အားကစားမီဒီယာအများအပြားက အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။
ဇူဘီမန်ဒီရဲ့စာချုပ်လျော်ကြေးပမာဏကတော့ ပေါင် ၅၁ သန်း ဖြစ်ပါတယ်။
ဒါပေမဲ့ အာဆင်နယ်အနေနဲ့ အပိုကြေးအပါအဝင် ပေါင် ၅၅ သန်းလောက် ကုန်ကျမယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ပြောင်းရွှေ့ကြေးကို သုံးရစ်ခွဲပြီး ပေးချေဖို့လည်း ရှိနေပါတယ်။
ဇူဘီမန်ဒီကို ရီးယဲလ်မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားခဲ့ပေမဲ့ အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။