Eleven Media Group

■ ONE Friday Fights 112 ပြိုင်ပွဲမှာ သွေးလင်းထက်၊ မိုးထက်အောင်၊ စောမင်းမင်းတို့ပွဲများ ပါဝင်

Photo: ONE

ONE Friday Fights 112 ပြိုင်ပွဲမှာ မြန်မာဖိုက်တာများဖြစ်တဲ့ သွေးလင်းထက်၊ မိုးထက်အောင်၊ စောမင်းမင်းတို့ရဲ့ ပွဲများ ပါဝင်နေလျက်ရှိပါတယ်။

ONE Friday Fights 112 ပြိုင်ပွဲကို ဇွန် (၁၃) ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ONE Friday Fights 112 ပြိုင်ပွဲမှာ တွဲဆိုင်း (၁၂) ဆိုင်း ပါဝင်နေပြီး စောမင်းမင်းက ပွဲစဥ် (၄)၊ မိုးထက်အောင်က ပွဲစဥ် (၆)၊ သွေးလင်းထက်က ပွဲစဥ် (၁၁) တွေမှာ ယှဥ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။

စောမင်းမင်းက ဘင်တမ်ဝိတ်တန်းမှာ မွေထိုင်းအဖြစ် သြစတြေးလျဖိုက်တာ သရိုးဘရစ်ဒ်၊ မိုးထက်အောင်က ဖလိုင်းဝိတ်တန်းမှာ မွေထိုင်းအဖြစ် ထိုင်းဖိုက်တာ ခွန်ပေါင်နွိုင်၊ သွေးလင်းထက်က စတောဝိတ်တန်းမှာ မွေထိုင်းအဖြစ် ထိုင်းဖိုက်တာ ခရစ်ပတ်တို့နဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။

စောမင်းမင်းက ONE Championship မှာ ပရော်ဖက်ရှင်နယ် MMA ပွဲ (၄) ပွဲ ထိုးသတ်ထားပြီး (၂) ပွဲနိုင်၊ (၂) ပွဲ ရှုံးထားပါတယ်။ စောမင်းမင်းဆုံတွေ့ခဲ့ဖူးတဲ့ ဖိုက်တာတွေက မြန်မာဖိုက်တာတွေချည်းဖြစ်ပါတယ်။

မိုးထက်အောင်က ONE Friday Fights မှာ (၃) ပွဲထိုး၊ (၂) ပွဲနိုင်၊ (၁) ပွဲရှုံးထားပြီး ဂျပန်၊ ထိုင်းဖိုက်တာတွေနဲ့ ထိုးသတ်ထားပါတယ်။ သွေးလင်းထက်ကတော့ ONE Friday Fights မှာ (၄) ပွဲထိုး၊ (၃) ပွဲနိုင်၊ (၁) ပွဲရှုံးထားပြီး ထိုင်းဖိုက်တာတွေချည်းနဲ့သာ ဆုံတွေ့ထားတာဖြစ်ပါတယ်။

Photo - ONE & aus.muaythai

မူရင်းသတင်း — Eleven Media Group