Eleven Media Group

■ ဘရာဇီးလ်အသင်းမှာ နေမာ အရေးပါဆဲဖြစ်ကြောင်း အန်ဆယ်လော့တီ ပြောကြား

Photo: Getty Images

ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီက နာမည်ကျော်ကစားသမား နေမာဟာ သူတို့အသင်းအတွက် အရေးပါဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အသက် (၃၃) နှစ်ကျော်ပြီဖြစ်တဲ့ နေမာဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြ အန်ဆယ်လော့တီလက်ထက် ဘရာဇီးလ်အသင်းမှာ ကစားခွင့်မရသေးပါဘူး။

ဒါပေမဲ့ အန်ဆယ်လော့တီက နေမာဟာ အသင်းအတွက် အရေးပါဆဲဖြစ်ပြီး ဘယ်နေရာမှာမဆို ကစားနိုင်သူဖြစ်တယ်လို့လည်း ပြောကြားခဲ့တာပါ။

အန်ဆယ်လော့တီက "နေမာနဲ့ ဟိုတယ်မှာ ကျွန်တော် တွေ့ပြီးပါပြီး။ ကျွန်တော်တို့ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြတယ်။ နေမာသာ ကြံ့ခိုင်မှုပြည့်ဝမယ်ဆိုရင် သူဟာ ဘယ်နေရာမှာမဆို ကစားနိုင်သူ ဖြစ်ပါတယ်။ ပါရာဂွေးနဲ့ပွဲမှာ နေမာရဲ့ နံပါတ် (၁၀) နေရာကို ကူညာ ကစားခဲ့ပါတယ်။ အဲဒီနေရာမှာ နေမာက ပြိုင်ဘက်အသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

နေမာဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် (၁၂၈) ပွဲမှာ (၇၉) ဂိုးသွင်းယူထားပြီး အသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာပါ။

နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ပြိုင်ပွဲဝင်နိုင်ဖို့ စိတ်အားထက်သန်နေပြီး ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group