Eleven Media Group

■ ဘာပေ ထွက်သွားပြီးနောက် ချန်ပီယံလိဂ်ဖလားရရှိခြင်းမှာ ကံကောင်းတယ်လို့ PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ ဆို

PSG အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီက အသင်းကနေ ဘာပေ ထွက်ခွာသွားပြီးနောက် ချန်ပီယံလိဂ်ဖလား ရရှိခဲ့ခြင်းမှာ ကံကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

PSG အသင်းမှ (၇) နှစ်ကြာ ကစားခဲ့တဲ့ ပြင်သစ်ကြယ်ပွင့်ကစားသမား ဘာပေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဘာပေ ထွက်ခွာသွားတဲ့ ပထမဆုံးရာသီမှာပဲ PSG အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။

ဘာပေအနေနဲ့ ချန်ပီယံလိဂ်ဖလား ရယူလိုတာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အသင်းဟောင်း PSG အသင်း ချန်ပီယံလိဂ်ဖလား ရတာကို စောင့်ကြည့်ခဲ့ရတာ ဖြစ်ပါတယ်။

အယ်လ်ခီလိုင်ဖီက "အသင်းကနေ ဘာပေနဲ့ ထွက်ခွာသွားတာနဲ့ပတ်သက်လို့ ကျွန်တော့်မှာ ဘာနောင်တမှ မရှိပါဘူး။ အသင်းမှာ ကစားခဲ့ကြတဲ့ ဘာပေ၊ မက်ဆီ၊ နေမာနဲ့ အီဘရာဟီမိုဗစ်တို့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူတို့က အသင်းအတွက် အရမ်းကို အရေးပါခဲ့တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ဘာပေ မရှိတော့ပေမဲ့ ဒီနှစ်မှာ ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ရီးယဲလ်မက်ဒရစ်မှာ ဘာပေ အကောင်ဆုံးတွေ ပိုင်ဆိုင်ဖို့ ဆုတောင်းနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

PSG နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ ဇွန် (၁၄) ရက်နေ့ စတင်ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နေကြပြီး ဘာပေအနေနဲ့ အဲဒီပြိုင်ပွဲမှာ အသင်းဟောင်း PSG နဲ့ ပြန်လည်ရင်ဆိုင်ရဖွယ်ရှိနေတာပါ။

မူရင်းသတင်း — Eleven Media Group