
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လာမယ့် ၂၀၂၅-၂၆ ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဇွန် (၁၈) ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
၂၀၂၅-၂၆ ရာသီက ပရီးမီးယားလိဂ်ရဲ့ (၃၄)ရာသီမြောက်ဖြစ်ပြီး အရင်ရာသီတွေအတိုင်းပဲ ပြိုင်ပွဲဝင်အသင်း(၂၀) ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။
၂၀၂၅-၂၆ ရာသီကို ၂၀၂၅ သြဂုတ်(၁၆)မှာ စတင်မှာဖြစ်ပြီး ၂၀၂၆ မေ(၂၄)မှာ အဆုံးသတ်မှာပါ။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လာမယ့်ရာသီပွဲစဉ်ဇယားမှာ ရက်သတ္တပတ်အကုန်(Weekend)တွေမှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်(၃၃)ပွဲ ပါဝင်မှာဖြစ်ပြီး ကြားရက်(Midweek)တွေမှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ် (၅)ပွဲ ပါဝင်မယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဇွန်(၁၈)ရက် မြန်မာစံတော်ချိန် နေ့လယ် (၂း၃၀) နာရီမှာ ထုတ်ပြန်ပေးသွားမှာပါ။