
ကလပ်ကမ္ဘာ့ဖလား ယှဉ်ပြိုင်မယ့် ချယ်လ်ဆီးအသင်းရဲ့ လူစာရင်းမှာ ပြင်သစ်နောက်ခံလူ ဝက်စလေဖိုဖာနာ မပါဝင်ဘူးလို့ သိရပါတယ်။
ဖိုဖာနာဟာ ပြီးခဲ့တဲ့ဧပြီလတုန်းက တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် လာမယ့်ရာသီမှာ ကြံ့ခိုင်မှုပြည့်ပြည့်ဝဝနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ကလပ်ကမ္ဘာ့ ဖလားလူစာရင်းကနေ ချန်လှပ်ထားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဖိုဖာနာ(၂၄ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၄)ပွဲသာ ယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး ကွန်းဖရန့်လိဂ်လူစာရင်းကလည်း ချန်လှပ်ခံခဲ့ရပါတယ်။
အခု ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ချယ်လ်ဆီးအသင်းလူစာရင်းမှာ ဖိုဖာနာအပြင် စတာလင်၊ ဂျော်အိုဖေးလစ်၊ ပက်ထရိုဗစ်နဲ့ ဒီဆာဆီတို့လည်း ပါဝင်ခြင်းမရှိခဲ့ပါဘူး။
ချယ်လ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ LAFC ၊ ဖလာမင်ဂို၊ ကျူးနစ်အသင်းတို့ နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။