Eleven Media Group

အာနိုးလ်ရဲ့ မိတ်ဆက်ပွဲကို ရီးယဲလ်အသင်း ဒီနေ့ ပြုလုပ်မယ်

Photo: X

ရီးယဲလ်မက်ဒရစ်အသင်းက လီဗာပူးလ်ကနေ ခေါ်ယူထားတဲ့ အင်္ဂလန်နောက်ခံလူ အာနိုးလ်ရဲ့ မိတ်ဆက်ပွဲကို ဒီနေ့ ပြုလုပ်မယ်လို့ သိရပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ အာနိုးလ်ကို ပြောင်းရွှေ့ ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး (၆)နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
အာနိုးလ်က လီဗာပူးလ်အသင်းနဲ့ ဇွန်(၃၀)မှာမှ တရားဝင်စာချုပ်ကုန်မှာဖြစ်ပြီး ရီးယဲလ်အသင်းက ကလပ်ကမ္ဘာ့ဖလားအမီ ခေါ်ယူချင်တာကြောင့် ယူရို(၁၀)သန်း ပေးခဲ့ရတယ်လို့လည်း ဗြိတိန်မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။
အာနိုးလ်ကို ရီးယဲလ်မက်ဒရစ်ကစားသမားသစ်အဖြစ် မိတ်ဆက်ပွဲအခမ်းအနားကို အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အာနိုးလ်က ရီးယဲလ်အသင်းမှာ ကျောနံပါတ်(၁၂) ဝတ်ဆင်မှာဖြစ်ပြီး နာမည်နေရာမှာ Trent လို့သာ ရေးထိုးသွားမယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group