
ရီးယဲလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က သူ့အနေနဲ့ တွဲကစားချင်ဆုံး ရီးယဲလ်ဂန္ထဝင်ကစားသမားက ပြင်သစ်လက်ရွေးစင်ဟောင်း ဇီဒန်း ဖြစ်တယ်လို့ ရွေးချယ်ခဲ့ပါတယ်။
FIFA နဲ့ ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ တွဲကစားချင်ဆုံး အိပ်မက်အသင်းဖော်ကို မေးမြန်းတဲအခါ ဘယ်လင်ဂမ်က ဇီဒန်းကို ရွေးချယ်ခဲ့တာပါ။
ဘယ်လင်ဂမ်က ''လွယ်ပါတယ်။ ဇီဒန်းပါ။ ကျွန်တော် သူ့ကို ဘောလုံးပေးပြီး ကြည့်နေချင်ရုံပါပဲ။ အဲဒါက YouTube မှာ အနီးကပ်ကြည့်ရသလိုလည်း ဖြစ်နေမှာပါ။ ကျွန်တော် သူနဲ့ တစ်ရာသီလုံးတော့ ကစားနိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပွဲတိုင်း ကစားနိုင်မယ်မထင်လို့ပါ''လို့ ပြောကြားခဲ့ပါတယ်။
ဘယ်လင်ဂမ်က ရီးယဲလ်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာချိန်မှာ ဇီဒန်း ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၅)ကို ဝတ်ဆင်ခဲ့သူလည်းဖြစ်ပါတယ်။
ဘယ်လင်ဂမ်က ဇီဒန်းဟာ သူ့အဖေရဲ့ Idol ဖြစ်တယ်လို့လည်း ပြောကြားခဲ့ဖူးပါတယ်။
''ကျွန်တော့်အဖေက အိမ်မှာဆို ဇီဒန်းအကျင်္ီကိုပဲ အမြဲဝတ်ဆင်နေတာပါ။ ကျွန်တော်ကလည်း ငယ်ငယ်က သူ့ကို ဇီဒန်းဆိုတာ ဘယ်သူလဲလို့ အမြဲမေးလေ့ရှိပါတယ်''လို့ ဘယ်လင်ဂမ်က ပြောကြားခဲ့ပါတယ်။