
ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေအနေနဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆု ရခဲ့ရင်တောင် Ballon d'Or ဆုကို စိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ ပြင်သစ်ကစားသမားဟောင်း မာလူဒါက ပြောကြားခဲ့ပါတယ်။
ဘာပေက ပြီးခဲ့တဲ့ရာသီမှာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံမှာ (၄၃)ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါကြောင့် ဆုဖလားအောင်ပွဲတွေ ရရှိခဲ့ကြတဲ့ ဒမ်ဘီလီနဲ့ ယမားလ်တို့ကို Ballon d'Or ဆုအတွက် စိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ မာလူဒါက ပြောကြားခဲ့တာပါ။
မာလူဒါက ''ဘာပေဟာ Ballon d'Or ဆုအတွက် အမြဲတမ်းစိန်ခေါ်သူစာရင်းဝင်ပါတယ်။ ရီးယဲလ်ကလည်း ဥရောပထိပ်သီးတွေ၊ ကမ္ဘာ့အဆင့်အသင်းတွေကို ရင်ဆိုင်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ကတော့ ဘာပေအနေနဲ့ တစ်ဦးချင်းထူးချွန်ုဆုတွေအတွက် ပြိုင်ဆိုင်ဖို့ အချိန်အခါကောင်းမဟုတ်ဘူးလို့ ထင်ပါတယ်။ သူ့ရဲ့ ရည်မှန်းချက်က နောက်နှစ်မှာမှ ပိုအားကောင်းလာနိုင်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
ဘာပေဟာ ပြီးခဲ့တဲ့ရာသီိမှာ ဆုဖလားတွေနဲ့ လွဲချော်ခဲ့ရပေမဲ့ လာလီဂါဂိုးသွင်းဘုရင်ဆုနဲ့ ဥရောပဂိုးသွင်းဘုရင်ဆုတွေကိုတော့ ရရှိခဲ့ပါတယ်။