Eleven Media Group

ဟန်ဆီဖလစ်ခ်နဲ့ ပါရီဆစ်တို့ ဘာစီလိုနာမှာ ပြန်လည်လက်တွဲဖွယ်ရှိ

Photo: Getty Images

၂၀၁၉-၂၀ ရာသီတုန်းက ဘိုင်ယန်မြူးနစ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဟန်ဆီဖလစ်ခ်နဲ့ ပါရီဆစ်တို့ဟာ ဘာစီလိုနာအသင်းမှာ ပြန်လည်လက်တွဲဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ၀ါရင့်ခရိုအေးရှားတောင်ပံကစားသမား ပါရီဆစ်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူချင်နေတာကြောင့်ပါ။
ပါရီဆစ်က အသက်(၃၆)နှစ်ရှိပြီဖြစ်ပေမဲ့ ပြီးခဲ့တဲ့ရာသီက PSV အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဟန်ဆီဖလစ်ခ်က မျက်စိကျနေတာပါ။
ပါရီဆစ်ဟာ အင်တာမီလန်အသင်းမှာ အချိန်အကြာဆုံးကစားကာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်း ဖလားသုံးလုံးအောင်ပွဲရခဲ့ချိန်မှာလည်း ဟန်ဆီဖလစ်ခ်အတွက် အားထားရတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။
ပါရီဆစ်ကလည်း ဘာစီလိုနာအသင်းမှာ ကစားချင်နေတာကြောင့် တခြားအသင်းတွေကို မစဉ်းစားသေးဘဲ ဘာစီလိုနာအသင်း ကမ်းလှမ်းလာမှာကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group