Eleven Media Group

■ ဆန်ချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် (၃) သင်းအပြိုင် စိတ်ဝင်စား

Photo: Getty Images

မန်ချက်စတာယူနိုက်တက်တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် (၃) သင်း အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

အသက် (၂၅) နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ချယ်လ်ဆီးအသင်းမှာ တစ်ရာသီအငှားသွားရောက်ကစားခဲ့တာပါ။

ဒါပေမဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းအတွက် ပြိုင်ပွဲစုံ (၄၁) ပွဲမှာ (၅) ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ဆန်ချိုကို သဘောကျခြင်းမရှိတာကြောင့် အပြီးသတ်ခေါ်ယူခြင်းမရှိဘဲ လျော်ကြေး ပေါင် (၅) သန်းပေးကာ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြန်ပို့ခဲ့တာပါ။

Daily Mail သတင်းစာရဲ့ ဖော်ပြမှုအရ လက်ရှိမှာ ဆန်ချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ စပါး၊ အက်စတွန်ဗီလာနဲ့ နယူးကာဆယ်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လစာများစွာပေးချေနေရတဲ့ ဆန်ချိုကို ပေါင် (၂၅) သန်း ရရုံနဲ့ ရောင်းထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group