
အက်သလက်တီကို၀ါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်းက သူတို့အသင်းအနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာ ဇွန် (၁၄) ရက်ကနေ ဇူလိုင် (၁၃) ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (B) မှာ PSG (ပြင်သစ်)၊ ဘိုတာဖိုဂို (ဘရာဇီးလ်)၊ ဆီယက်တဲလ်ဆောင်းဒါးစ် (အမေရိကန်)တို့နဲ့ ကျရောက်နေတာပါ။
ဂရီးဇ်မန်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်မှန်းချက်ကြီးမားနေကြောင်းနဲ့ သူတို့အသင်းဟာ ဗိုလ်လုပွဲတက်ရောက်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
"ကျွန်တော်တို့အနေနဲ့ ရည်မှန်းချက် ကြီးကြီးမားမား ရှိဖို့ လိုပါတယ်။ ကွင်းအတွင်းမှာ သက်သေပြဖို့က ကျွန်တော်တို့ တာဝန်ပါ။ ကျွန်တော်တို့အသင်းအနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့ စွမ်းရည်ရှှိတယ်ဆိုတာကို ပြသသွားမှာပါ"လို့ ဂရီးဇ်မန်းက ပြောကြားခဲ့တာပါ။
အက်သလက်တီကိုအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (B) အဖွင့်ပွဲစဉ်အဖြစ် ဇွန် (၁၅) ရက်မှာ ချန်ပီယံလိဂ်လက်ရှိချန်ပီယံ PSG အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။