Eleven Media Group

■ ဂတ်တူဆိုကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့  အီတလီဘောလုံးအဖွဲ့ချုပ် စီစဉ်

အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ဟာ အသင်းကစားသမားဟောင်း ဂတ်တူဆိုကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသက် (၄၇) နှစ်အရွယ် အီတလီလက်ရွေးစင်ဟောင်း ဂတ်တူဆိုဟာ စပယ်လက်တီရဲ့ အီတလီလက်ရွေးစင်နည်းပြရာထူးကို ဆက်ခံဖို့ ထိပ်ဆုံးက ရေပန်းစားနေတာပါ။

လက်စတာနည်းပြဟောင်း ရာနီရေရီဟာ အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ရေပန်းစားသူတွေထဲမှာ ပါဝင်ခဲ့ပေမဲ့ ကိုင်တွယ်မှာ မဟုတ်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။

ဒါကြောင့် ဂတ်တူဆိုက အီတလီလက်ရွေးစင်အသင်းနည်းပြ ဖြစ်လာဖို့ အပြတ်အသတ်ရေပန်းစားနေပြီး FIGC ဥက္ကဋ္ဌ ဂရာဗီနာက သူနဲ့ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဂတ်တူဆိုဟာ ကစားသမားဘဝမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၇၀) ကျော် ကစားခဲ့ပြီး အသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားကို ရရှိခဲ့ပါတယ်။

သူဟာ နည်းပြဘဝမှာ အေစီမီလန်၊ နာပိုလီ၊ မာဆေးလ်တို့လို ထိပ်တန်းကလပ်တွေကို ကိုင်တွယ်ဖူးပေမဲ့ ၂၀၁၉-၂၀ ရာသီက နာပိုလီအသင်းနဲ့ ကိုပါအီတာလီယာဖလားရတာဟာ အမြင့်ဆုံးအောင်မြင်မှု ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group