Eleven Media Group

■ စီးရီးအေမှာ ပြန်လည်နည်းပြလိုတယ်လို့ အီတလီနည်းပြဟောင်း မန်ချီနီ ဝန်ခံ

Photo: Getty Images

အီတလီလက်ရွေးစင်နည်းပြဟောင်း မန်ချီနီက သူ့အနေနဲ့ စီးရီးအေပြိုင်ပွဲမှာ ပြန်လည်နည်းပြလိုတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အသက် (၆၀) အရွယ် မန်ချီနီဟာ ၂၀၂၄ အောက်တိုဘာမှာ ဆော်ဒီလက်ရွေးစင်အသင်းနဲ့ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။

La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ မန်ချီနီက သူ့အနေနဲ့ စီးရီးအေမှာ ပြန်လည်နည်းပြလိုတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မန်ချီနီက "ကမ်းလှမ်းမှုတွေ ရရှိထားပါတယ်။ အနည်းဆုံး အီတလီကလပ် (၂) သင်းနဲ့ ဘရာဇီးလ်ကလပ် (၁) သင်းရဲ့ ကျွန်တော် ရရှိထားတာပါ။ ဒါပေမဲ့ ကျွန်တော် စောင့်ကြည့်ချင်ပါသေးတယ်။ စီးရီးအေပြိုင်ပွဲမှာ ပြန်လည်နည်းပြခွင့်ရမလား စောင့်ကြည့်ရမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

မန်ချီနီဟာ နည်းပြဘဝမှာ ဖီအိုရင်တီးနား၊ လာဇီယို၊ အင်တာမီလန်တို့လို စီးရီးအေထိပ်တန်းကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးပြီး (၃) သင်းနဲ့ ဆုဖလားတွေ ရရှိခဲ့ဖူးတာပါ။

မူရင်းသတင်း — Eleven Media Group