
ဖရန့်ဖတ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ခရိုချီက ဥရောပထိပ်တန်းအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတိုက်စစ်မှူး အီတီကီကို ထိုက်တန်တဲ့ စျေးမရရင် မရောင်းဘူးလို့ ပြောကြားခဲ့ပါတယ်။
အသက် (၂၂) နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး အီတီကီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဖရန့်ဖတ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၈) ပွဲမှာ (၂၂) ဂိုး သွင်းယူပေးခဲ့တာပါ။
ဒါကြောင့် သူ့ကို အခုနွေမှာ သူ့ကို ခေါ်ယူဖို့ လီဗာပူးလ်၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဖရန့်ဖတ်အားကစားဒါရိုက်တာ ခရိုချီကတော့ အီတီကီကို ထိုက်တန်တဲ့ စျေးမရရင် မရောင်းဘူးလို့ Wiesbadener Kurier နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။
အီတီကီဟာ ဖရန့်ဖတ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ဖရန့်ဖတ်အသင်းက သူ့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) အလိုရှိနေတယ်လို့ သိရပါတယ်။