
အင်တာမီလန်အသင်းဟာ အသင်းဝါရင့်ကွင်းလယ်ကစားသမား ချာဟာနိုဂလူးကို ယူရိုသန်း (၄၀) နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အသက် (၃၁) နှစ်အရွယ် တူရကီလက်ရွေးစင်ကွင်းလယ်ကစားသမား ချာဟာနိုဂလူးကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေနဲ့ တူရကီကလပ် ဂါလာတာစာရေးအသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ချာဟာနိုဂလူးဟာ အင်တာမီလန်အသင်းရဲ့ အဓိကကစားသမားအဖြစ် ရှိနေဆဲဖြစ်ပေမဲ့ အသက်အရွယ်ရလာပြီဖြစ်ပြီး ကြံ့ခိုင်မှုအနေအထားကို စိုးရိမ်ရတာကြောင့် အင်တာမီလန်အသင်းက ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရရန် ရောင်းထုတ်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။
Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေသေးတဲ့ ချာဟာနိုဂလူးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) အလိုရှိနေတယ်လို့ သိရပါတယ်။
ချာဟာနိုဂလူးကို ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေပေမဲ့ ဂါလာတာစာရေးအသင်းက သူ့ကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
Photos: Getty Images