Eleven Media Group

■ အမ်ဘူမိုကို ခေါ်ယူဖို့ စပါးအသင်း စိတ်ဝင်စားနေ

Photo: Tottenham News

စပါးအသင်းဟာ ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှူး အမ်ဘူမိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ BBC Sport က ဖော်ပြခဲ့ပါတယ်။

စပါးအသင်းက ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက် အခုလို သတင်းတွေ ထွက်ပေါ်လာတာပါ။

ပြင်သစ်ဖွား ကင်မရွန်းလက်ရွေးစင် အမ်ဘူမို(၂၅ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ဂိုး ၂၀ သွင်းယူပေးခဲ့ပါတယ်။

အခုလအစောပိုင်းမှာ မန်ယူနိုက်တက်အသင်းက ပေါင် ၄၅ သန်း+ add-ons ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဘရန့်ဖို့ဒ်အသင်းက ပြောင်းရွှေ့ကြေးပိုအလိုရှိနေလို့ နှစ်ဖက် သဘောတူညီမှု မရခဲ့ပါဘူး။

စပါးအသင်းဟာ အမ်ဘူမိုကို တရားဝင်ကမ်းလှမ်းဖွယ်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ တခြားကလပ်တချို့ကလည်း သူ့ကို စိတ်ဝင်စားနေကြပါတယ်။

အမ်ဘူမိုရဲ့စာချုပ်မှာ လျော်ကြေးမပါဝင်ဘဲ တစ်နှစ်သက်တမ်း ကျန်ရှိနေပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းထားပါတယ်။

၎င်းဟာ ၂၀၁၉ ခုနှစ်မှာ လီဂူး-၂ကလပ် ထရွိုင်စ်အသင်းကနေ ရောက်လာပြီး ပြိုင်ပွဲစုံ ၂၄၂ ပွဲကစားကာ ဂိုး ၇၀ သွင်းခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group