
အင်္ဂလန်နာမည်ကျော်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်ဟာ ဗြိတိန်ဘုရင်က ပေးအပ်တဲ့ knighthood(Sir)ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခဲ့ပါတယ်။
ချားလ်စ်ဘုရင် မွေးနေ့အထိမ်းအမှတ်အဖြစ် သောကြာနေ့ညနေပိုင်းက ဆုရရှိသူတွေကို ကြေညာခဲ့တာပါ။
ဘက်ခမ်ဟာ Sir ဘွဲ့ရရှိမယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက သတင်းထွက်နေခဲ့တာဖြစ်တယ်။
၎င်းအနေနဲ့ ၂၀၀၃ ခုနှစ်ကလည်း OBE ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်း လက်ခံရရှိခဲ့ပါတယ်။
ဘက်ခမ်ဟာ ဗြိတိန်ဘောလုံးလောကကို အကျိုးပြုမှုနဲ့ တခြားလူမှုရေးလုပ်ဆောင်ချက်တွေကြောင့် အခုလို ချီးမြှင့်ခံခဲ့ရတာဖြစ်တယ်။
ဘက်ခမ်အဖို့ ၂၀၁၁ ခုနှစ်မှာ ဒီဘွဲ့ရရှိမယ်လို့ ရေပန်းစားခဲ့ပေမဲ့ လွဲချော်ခဲ့ရကာ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ပြန်ရခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ ဒီဘွဲရွေးချယ်တဲ့အပေါ် ဝေဖန်ထားတဲ့ အီးမေးလ်တွေလည်း ပေါက်ကြားခဲ့ပါတယ်။
Sir ဘွဲ့ရရှိသူတွေဟာ ဂုဏ်ထူးဆောင်ဘွဲ့ကို သီးခြားလက်ခံရရှိမှာဖြစ်ပါတယ်။