
၂၀၂၅ MNL League Cup ပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲတွေကို ဒီကနေ့ညနေမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီယူနိုက်တက်နဲ့ မြဝတီအသင်းတို့ နိုင်ပွဲတွေကိုယ်စီနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့သလို ဒဂုံပေါ့သ်အသင်းကလည်း သရေရလဒ်ဖြင့် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
အုပ်စု (A) ရဲ့ နောက်ဆုံးပွဲမှာ သစ္စာအားမာန်အသင်းနဲ့ ဒဂုံပေါ့သ်အသင်းတို့ဟာ (၂-၂) ဂိုးစီ သရေကျခဲ့ပြီး ဒဂုံပေါ့သ်အသင်းက ရမှတ် (၇) မှတ်နဲ့ အုပ်စုဒုတိယနေရာကနေ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
အုပ်စု (B) ရဲ့ နောက်ဆုံးပွဲမှာ ဧရာဝတီယူနိုက်တက်က မဟာယူနိုက်တက်အသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ရမှတ် (၇) မှတ်နဲ့ အုပ်စုဒုတိယနေရာကနေ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။
အုပ်စု (D) ရဲ့ နောက်ဆုံးပွဲမှာ မြဝတီအသင်းက ရတနာပုံအသင်းကို (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ရမှတ် (၉) မှတ်နဲ့ အုပ်စုဒုတိယနေရာကနေ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။
ကွာတားဖိုင်နယ်အဖြစ် ဒဂုံပေါ့သ်အသင်းက ရတနာပုံအသင်း၊ ဧရာဝတီယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်း၊ မြဝတီအသင်းက ရှမ်းယူနိုက်တက်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
အုပ်စု (C) ရဲ့ နောက်ဆုံးပွဲအဖြစ် မနက်ဖြန် (ဇွန် ၁၅) မှာ အားကာသိပ္ပံအသင်းနဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ်ပွဲတွေကို လာမယ့်ဇွန် (၁၈၊ ၁၉) ရက်တွေမှာ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။