
◘ အယ်လ်အာလီ - အင်တာမိုင်ယာမီ (မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက် ၆:၃၀ နာရီ) အင်တာမိုင်ယာမီအသင်းမှာ မက်ဆီ၊ ဆွာရက်ဇ်၊ ဘူးစကွက်စ်တို့ ပါဝင်လာဖို့ရှိပေမဲ့ နောက်ခံလူ အယ်လ်ဘာကတော့ ဒဏ်ရာပြဿနာရှိလို့ မကစားနိုင်ပါဘူး။ အယ်လ်အာလီအသင်းကိုတော့ အက်စတွန်ဗီလာကစားသမားဟောင်း ထရာဇီဂေး ဦးဆောင်လာဖို့ရှိပြီး အီဂျစ်လက်ရွေးစင်တချို့လည်း ပါဝင်နေပါတယ်။ အုပ်စု A မှာ ပေါ်တူဂီကလပ် ပေါ်တို၊ ဘရာဇီးလ်ကလပ် ပါလ်မီးရပ်စ်တို့ ပါဝင်နေလို့ ဒီအုပ်စုက ကွာခြားချက်အနည်းဆုံးလို့တောင် ပြောနိုင်တယ်။ အင်တာမိုင်ယာမီအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ အုပ်စုတွင်း အားအနည်းဆုံးအသင်းကို မဖြစ်မနေ အနိုင်ကစားဖို့လည်း လိုအပ်နေတယ်။ ပရိသတ်အားလည်းရှိနိုင်တဲ့ အင်တာမိုင်ယာမီကိုပဲ ရွေးချယ်ချင်တယ်။