Eleven Media Group

■ မန်ယူနိုက်တက်အသင်းကို ယိုကယ်ရက်စ် ငြင်းဆန်

Photo: Football 365

စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ အခုနွေရာသီစျေးကွက်မှာ မန်ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ခဲ့ပေမဲ့ အပြောင်းအရွှေ့ကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့အပတ်ကတည်းက ဆွေးနွေးနေခဲ့တာပါ။

ပေါ်တူဂီအားကစားမီဒီယာ Record က မန်ယူနိုက်တက်အနေနဲ့ ယိုကယ်ရက်စ်ကို မဆွဲဆောင်နိုင်ခဲ့ဘူးလို့ ရေးသားခဲ့ပါတယ်။

အဆိုပါသတင်းမှာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ စိုးရိမ်ပူပန်နေရတာ၊ ဆာဂျင်ရက်ကလစ်ဖ်ရဲ့အားကစားစီမံကိန်းသစ်တွေက ရေရာသေချာမှုမရှိတာတွေက အကြောင်းပြချက်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ယိုကယ်ရက်စ်ကို မန်ယူနိုက်တက်နဲ့အတူ အပြိုင်ပစ်မှတ်ထားခဲ့တဲ့ အာဆင်နယ်အတွက် အခွင့်အရေး ပိုရှိလာခဲ့တာလည်းဖြစ်တယ်။

ယိုကယ်ရက်စ်ရဲ့နီးစပ်သူတစ်ဦးက အာဆင်နယ်အသင်းဟာ ကစားသမားဖြစ်သူရဲ့ဦးစားပေးကလပ်လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယိုကယ်ရက်စ်ကို ကနဦး ယူရို ၅၅ သန်း+ add-ons ကြေး ယူရို ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ စပို့တင်းလစ္စဘွန်းက ပယ်ချခဲ့ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းက ယိုကယ်ရက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ အလိုရှိနေပါတယ်။

မူရင်းသတင်း — Eleven Media Group