
ဆော်ဒီကလပ် အယ်လ်အာလီအသင်းက စပါးနည်းပြဟောင်း ပိုစတီကိုဂလူးကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ အဆင့်(၁၇)နေရာရောက်တဲ့အထိ အခြေအနေဆိုးခဲ့တာကြောင့် ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။
ဒါပေမဲ့ အရည်အချင်းရှိတဲ့ နည်းပြတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်တာကြောင့် သူ့ကို ခေါ်ယူလိုတဲ့အသင်းတွေရှိနေပြီး အဲဒီထဲမှာ အယ်လ်အာလီလည်း ပါဝင်နေတာပါ။
ပိုစတီကိုဂလူးကို ခေါ်ယူချင်တဲ့ တခြားအသင်းတွေကတော့ စကော့တလန်လက်ရွေးစင်အသင်းနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ဖြစ်တယ်လို့ သိရပါတယ်။
အယ်လ်အာလီအသင်းက လက်ရှိနည်းပြ မာသီးယပ်စ်ယာစလေနဲ့ လမ်းခွဲဖို့ အလားအလာများနေတာကြောင့် ပိုစတီကိုဂလူးကို ပစ်မှတ်ထားနေခြင်းဖြစ်တယ်လို့ သိရပါတယ်။
အယ်လ်အာလီအသင်းမှာ လီဗာပူးလ်ကစားသမားဟောင်း ဖေမီနိုက အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နေပြီး မာရက်ဇ်၊ အီဗန်တိုနေး၊ မန်ဒီတို့လို ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေလည်း ရှိနေပါတယ်။