
အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး တာရေမီဟာ အီရန်နိုင်ငံကနေ ထွက်ခွာခွင့်မရတာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရတော့မယ်လို့ သိရပါတယ်။
တာရေမီ(၃၂ နှစ်)ဟာ အီရန်လက်ရွေးစင်အသင်းနဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရင်း အီရန်နိုင်ငံကို ရောက်ရှိနေစဉ် အီရန်-အစ္စရေး ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် အခုလို အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
အီရန်က လေဆိပ်အားလုံးမှာ လေယာဉ်ပျံသန်းခွင့် ပိတ်ပင်ထားတာကြောင့် တာရေမီအနေနဲ့ အင်တာမီလန်အသင်းနဲ့ အချိန်မီပူးပေါင်းနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
အင်တာမီလန်အသင်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု(E)မှာ ရေးဗားပလိတ်၊ အူရာဝရက်ဒိုင်းမွန်းစ်၊ မွန်တာရေးအသင်းတို့နဲ့အတူ ကျရောက်နေပြီး ဇွန်(၁၇)မှာ အဖွင့်ပွဲ ယှဉ်ပြိုင်ကစားရမှာပါ။
အင်တာမီလန်အသင်းက နောက်ပွဲတွေမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပေမဲ့ အီတလီမီဒီယာတွေကတော့ ပါဝင်နို်င်ဖွယ်မရှိတော့ဘူးလို့ သုံးသပ်ထားပါတယ်။
တာရေမီဟာ ပြီးခဲ့တဲ့ရာသီတုန်းက အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၃)ပွဲ ကစားပေးခဲ့သူပါ။