Eleven Media Group

နီကိုဝီလီယံစ်ကို ဘိုင်ယန်မြူးနစ်အသင်း အရှိန်မြှင့်ကြိုးပမ်းနေ

Photo: X

ဘိုင်ယန်မြူးနစ်အသင်းက ဘီလ်ဘာအိုအသင်းက စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
နီကိုဝီလီယံစ်(၂၂ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီကတည်းက ဥရောပထိပ်သီးအသင်းများစွာရဲ့ ပစ်မှတ်ကစားသမားဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ဘိုင်ယန်မြူးနစ်နဲ့အတူ ဘာစီလိုနာ၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က ချိန်ရွယ်နေကြပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ဂျာမန်တောင်ပံကစားသမား ဆာနေးကို ဆုံးရှုံးထားရတာကြောင့် နီကိုဝီလီယံစ်ကို ပြန်လည်အစားထိုးဖို့ ရည်ရွယ်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ နီကိုဝီလီယံစ်က ဘာစီလိုနာအသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ သတင်းထွက်နေပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဆက်လက်ကြိုးပမ်းနေဆဲဖြစ်တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
နာမည်ကျော်ဂျာနယ်လစ် ဖေဘရီဇီယိုရိုမာနိုကတော့ နီကိုဝီလီယံစ်က မြင့်မားတဲ့လစာနှုန်းထားရရှိဖို့ လိုလားနေတာကြောင့် ဘိုင်ယန်မြူးနစ်ကို ရောက်နိုင်ခြေပိုများတယ်လို့ သုံးသပ်ထားပါတယ်။

မူရင်းသတင်း — Eleven Media Group