
ဘိုင်ယန်မြူးနစ်အသင်းက အသက်အရွယ်ရလာတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို နေရာပြောင်းကစားစေဖွယ်ရှိတယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။
ဟာရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းမှာ နှစ်ရာသီပေါင်း (၉၁)ပွဲကစားပြီး (၈၂)ဂိုး သွင်းယူပေးထားသူပါ။
တိုက်စစ်မြားဦးမှာ ခြေစွမ်းပြနေဆဲဖြစ်ပေမဲ့ လာမယ့်ဇူလိုင်လမှာ အသက်(၃၂)နှစ်ပြည့်တော့မှာဖြစ်လို့ ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေက အပြောင်းအလဲပြုလုပ်ချင်နေတယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက လိုက်ပ်ဇစ်အသင်းက ဆလိုဗေးနီးယားတိုက်စစ်မှူး ရှက်ရှကိုကို ခေါ်ယူပြီး ဟာရီကိန်းကို No.10 Role မှာ ပြောင်းလဲကစားစေလိုခြင်းဖြစ်တယ်လို့ Bild က ဖော်ပြခဲ့တာပါ။
ရှက်ရှကိုကို လက်ရှိအချိန်မှာ အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပြီး လိုက်ပ်ဇစ်အသင်းက ပေါင်(၇၅)သန်းဝန်းကျင်နဲ့ ရောင်းထုတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။