
PSG အသင်းရဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ကြွက်သားဒဏ်ရာကြောင့် ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒမ်ဘီလီဟာ ပြင်သစ်က စပိန်ကို (၄-၅)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ Nations League ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် အက်သလက်တီကိုနဲ့ ပွဲကိုတော့ သေချာပေါက်လွဲချော်မယ်လို့ သိရပါတယ်။
PSG အသင်းတာဝန်ရှိသူတွေကတော့ ဒမ်ဘီလီအနေနဲ့ အုပ်စုပွဲစဉ်(၃)ပွဲစလုံးကို လွဲချော်ပြီး ရှုံးထွက်အဆင့်မှသာ ပြန်ကစားနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်း ဖလားသုံးလုံးအောင်ပွဲ ရရှိခဲ့ရာမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့လို့ Ballon d'Or ဆုရရှိဖို့ ရေပန်းစားနေသူဖြစ်ပါတယ်။
PSG အသင်းဟာ ဒမ်ဘီလီ မကစားနိုင်တာကြောင့် ဂွန်ကာလိုရာမို့စ်နဲ့ ပွဲထွက်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ထင်ကြေးပေးနေကြပါတယ်။