Eleven Media Group

ဖီနာဘာချီမှာ မော်ရင်ဟိုနဲ့ ဆွန်ဟောင်မင် ပြန်လက်တွဲဖွယ်ရှိ

Photo: Getty Images

စပါးအသင်းရဲ့ တောင်ပံကစားသမား ဆွန်ဟောင်မင်ဟာ ဖီနာဘာချီအသင်းမှာ နည်းပြ မော်ရင်ဟိုနဲ့ ပြန်လက်တွဲဖွယ်ရှိနေတယ်လို့ သိရပါတယ်။
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ၂၀၂၆ အထိသာ စာချုပ်သက်တမ်းကျန်ရှိတော့ပြီး စပါးအသင်းက သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် ဆွန်ဟောင်မင်က အသင်းပြောင်းရွှေ့ဖို့ လိုလားနေပါတယ်။
ဆွန်ဟောင်မင်ကို ဆော်ဒီကလပ်အသင်းတစ်သင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)နဲ့ ကမ်းလှမ်းထားပြီး စပါးအသင်းက လက်ခံထားတယ်လို့လည်း သတင်းထွက်နေပါတယ်။
ဒါပေမဲ့ ဆွန်ဟောင်မင်က ဥရောပမှာသာ ဆက်ကစားချင်သလို၊ ဖီနာဘာချီနည်းပြ မော်ရင်ဟိုကလည်းခေါ်ယူချင်တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။
ဖီနာဘာချီအသင်းက ဆွန်ဟောင်မင်ကို တစ်နှစ်လစာ ယူရို(၁၂)သန်းပေးဖို့ အသင့်ရှိနေပြီး အဲဒီ လစာပမာဏက လက်ရှိ စပါးအသင်းမှာ ရရှိနေတဲ့ လစာရဲ့ နှစ်ဆရှိတယ်လို့ သိရပါတယ်။
ဆွန်ဟောင်မင်နဲ့ မော်ရင်ဟိုတို့ဟာ စပါးအသင်းမှာ ၂၀၁၉ ကနေ ၂၀၂၁ အထိ တစ်ရာသီခွဲဝန်းကျင် လက်တွဲခဲ့ဖူးသူတွေ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group