
မန်ယူအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဖာဒီနန်က မန်ယူအသင်းအနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ အဆင့်(၆)မှ (၈)အတွင်း ရပ်တည်နိုင်ဖို့သာ မျှော်မှန်းသင့်တယ်လို့ သုံးသပ်ခဲ့ပါတယ်။
မန်ယူအသင်းက ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁၅)သာရရှိခဲ့တာကြောင့် ဖာဒီနန်က အခုလိုပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Mirror Sport နဲ့ တွေ့ဆုံရာမှာ ဖာဒီနန်က ''ဒီနှစ် အဆင့်(၁၅)နဲ့ အဆုံးသတ်ခဲ့တဲ့အတွက် ယူနိုက်တက်အနေနဲ့ အနိမ့်ဆုံး ထိပ်ဆုံး(၈)သင်း၊ ထိပ်ဆုံး(၆)သင်းစာရင်းဝင်ဖို့ ပစ်မှတ်ထားရမှာပါ။ အဲဒီစာရင်းအပြင်ဘက် ရောက်သင့်တယ်လို့တော့ မထင်ပါဘူူး။ ယူနိုက်တက်မှာ အမှတ်ပေးချန်ပီယံဆုရယူဖို့ပဲ တွေးခဲ့တဲ့လူတစ်ယောက်အနေနဲ့ အခုလိုပြောရတာ သိက္ခာကျပါတယ်''လို့ ဖာဒီနန် က ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းရဲ့ ဘောလုံးရေးရာကိစ္စတွေကို စီမံဆောင်ရွက်နေတဲ့ ရှယ်ယာရှင်အသစ် ဆာဂျင်ရက်ကလစ်ဖ်ကလည်း လာမယ့်ရာသီမှာ အောင်မြင်မှုရယူဖို့ မျှော်မှန်းထားခြင်းမရှိဘဲ ၂၀၂၈ ခုနှစ်မှသာ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူနိုင်ဖို့ ပစ် မှတ်ထားနေတယ်လို့ သိရပါတယ်။
ဖာဒီနန်က မန်ယူအသင်းမှာ ပွဲပေါင်း(၄၅၅)ပွဲကစားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၆)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်၊ လိဂ်ဖလား(၂)ကြိမ် ရယူနိုင်ခဲ့သူပါ။