
ချယ်လ်ဆီး နှင့် LAFC (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
ဒီအုပ်စုမှာ ချယ်လ်ဆီးအသင်းက အင်အားအတောင့်ဆုံးဖြစ်ပြီး ဒီပြိုင်ပွဲအမီ ကစားသမားသစ် ခေါ်ယူအားဖြည့်မှုတွေလည်း ပြုလုပ်ထားပါတယ်။ LAFC ကတော့ အုပ်စုဒုတိယနေရာအတွက် ဖလာမင်ဂိုနဲ့ အဓိကအပြိုင်လုရမယ့် အသင်းလို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ LAFC အသင်းမှာ လိုရစ်၊ ဂျရူးတို့လို ကစားသမားကောင်းတွေရှိနေတာကြောင့် ချယ်လ်ဆီးအသင်း ပေါ့ဆလို့တော့ မရပါဘူး။ ဒါပေမဲ့ ချယ်လ်ဆီးအသင်း ဂိုးပြတ်မပြတ်ပဲ ကြည့်ရမှာပါ။
ဘိုကာဂျူနီယာ နှင့် ဘင်ဖီကာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၄း၃၀ နာရီ)
အုပ်စုတွင်း တခြားပြိုင်ဘက်တွေက ဘိုင်ယန်မြူးနစ်၊ အော့ကလန်စီးတီးတို့ဖြစ်တာကြောင့် ဒီနှစ်သင်းက အုပ်စုဒုတိယနေရာ အပြိုင်လုရမယ့် အခြေအနေပါ။ ဘိုကာဂျူနီယာအသင်းခေါင်းဆောင် ကာဗာနီကတော့ ကြွက်သားဒဏ်ရာကြောင့် ဒီပွဲမှာ ကစားနိုင်မှာ မဟုတ်ပါဘူး။ ဘင်ဖီကာအသင်းကို ပိုကြိုက်ပါတယ်။
ဖလာမင်ဂို နှင့် တူးနစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ရး၃၀ နာရီ)
တူနီးရှားကလပ် တူးနစ်အသင်းနဲ့ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုတို့ရဲ့ ထိပ်တိုက်တွေ့ ဆုံမှုက ကြည့်ကောင်းတဲ့ပွဲ ဖြစ်လာနိုင်ပါတယ်။ တူးနစ်အသင်းမှာလည်း ဘရာဇီးလ်ကစားသမားတချို့နဲ့ ပြည်ပကစားသမားတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကစားသမားအင်အားရော အစဉ်အလာပါ ပိုသာတဲ့ ဖလာမင်ဂိုအသင်းပဲ အနိုင်ရမှာသေချာပါတယ်။