
နာပိုလီအသင်းက နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ဟာ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချမှတ်မယ်လို့ သိရပါတယ်။
အိုဆင်မန်ဟာ နာပိုလီအသင်းနဲ့ ယူရို(၇၅)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပြီး အဲဒီ ငွေကြေးပမာဏကို ပေးချေဖို့ ကလပ်အသင်းအတော်များများက အသင့်ရှိနေကြပါတယ်။
အိုဆင်မန်(၂၆ နှစ်)ဟာ နာပိုလီအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့သလို၊ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက်ကစားခဲ့တဲ့ ဂါလာတာစာရေးအသင်းမှာလည်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ထိပ်သီးအသင်းများစွာက သူ့ကို ခေါ်ယူဖို့ လိုလားနေကြတာပါ။
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကလည်း ဥရောပထိပ်သီးအသင်းတွေနဲ့အပြိုင် အိုဆင်မန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး တစ်နှစ်လစာယူရိုသန်း(၅၀)နှုန်းနဲ့ နောက်ဆုံးအကြိမ် ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အိုဆင်မန်ကတော့ ဥရောပမှာ ဆက်ကစားဖို့ ဆန္ဒရှိနေပြီး ဘယ်အသင်းကို ပြောင်းရွှေ့ကစားမလဲဆိုတာ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် ဆုံးဖြတ်လိမ့်မယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။