
မန်စီးတီးအသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ ပြင်သစ်တောင်ပံကစားသမား ချာကီက မန်ယူအသင်းကို လက်တုံ့ပြန်ဖို့ စောင့်နေတယ်လို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။
ချာကီ(၂၁ နှစ်)ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ လိုင်ယွန်ကနေ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး သူ့အတွက် မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေးယူရို(၃၆.၅)သန်း+ Add-ons ကြေး ယူရို(၆)သန်း အသုံးပြုခဲ့ရပါတယ်။
ချာကီက ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ လိုင်ယွန်အသင်းနဲ့အတူ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လက်တုံ့ပြန်လိုတယ်လို့ ပြောကြားခဲ့တာပါ။
မန်ယူက လိုင်ယွန်ကို အနိုင်ယူသွားတာကို ကျွန်တော် သဘောမကျပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က လိုင်ယွန်သားတစ်ယောက် ဖြစ်နေလို့ပါ။ အခု သူတို့ကို ပြန်အနိုင်ယူဖို့ ကျွန်တော် စောင့်နေပါတယ်လို့ ချာကီက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ချာကီက မန်စီးတီးအသင်းဟာ ဆုဖလားအားလုံးကို ရယူနိုင်စွမ်းရှိတဲ့အသင်းဖြစ်ပြီး ရိုဒရီလည်း Ballon d'Or ဆု ရရှိခဲ့တာကြောင့် သူ့ အနေနဲ့လည်း မန်စီးတီးအသင်းမှာ Ballon d'Or ဆု ရရှိနိုင်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။