Eleven Media Group

ညောင်ဦးမြို့နယ် ညောင်ပင်ကန်ကျေးရွာ အထက (ခွဲ) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းအား PDF များက သေနတ်ဖြင့် ပစ်သတ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကုန်းဘုရား (ညောင် ပင်ကန်) ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းအား ဇွန် ၁၅ ရက် နံနက် ၈ နာရီခန့်က PDF များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ကုန်းဘုရား (ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်း (၄၂) နှစ်သည် ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်း၌ ခင်ပွန်းဖြစ်သူ ဦးဇော်လတ် (၄၅) နှစ်၊ ညီမဖြစ်သူ မရွှေရည်ဝင်း (၁၉) နှစ်တို့နှင့်အတူရှိနေစဉ် ဇွန် ၁၅ ရက် နံနက် ၈ နာရီခန့်က PDF ခုနစ်ဦးက ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်းနှင့် ဦးဇော်လတ်တို့နှစ်ဦးအား ဝန်ထမ်းလိုင်းခန်းအတွင်းမှ ဆွဲခေါ်ကာ လိုင်းခန်းရှေ့မြေကွက်လပ်၌ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၎င်းတို့နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ PDF များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက,က သတင်းထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group