Eleven Media Group

ဒီလပ်က အင်္ဂလန်အသင်းရဲ့ အနာဂတ်နံပါတ်(၉) ဖြစ်လာနိုင်တယ်လို့ မာရက်စကာ ပြောကြား

Photo: Chelsea Photos

ချယ်လ်ဆီးနည်းပြ မာရက်စကာက တိုက်စစ်မှူးသစ် ဒီလပ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အနာဂတ်နံပါတ်(၉) ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းက အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်(၂၂ နှစ်)ကို ဒီနွေမှာ စာချုပ်လျော်ကြေးပေါင် သန်း(၃၀)နဲ့ ခေါ်ယူပြီး (၆)နှစ်စာချုပ် ချုပ်ဆိုထားတာပါ။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ခေါ်ယူခဲ့ခြင်းဖြစ်တာကြောင့် ဒီညယှဉ်ပြိုင်ကစားမယ့် LAFC နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။
ကလပ်ကမ္ဘာ့ဖလားပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဒီလပ်အကြောင်း မေးမြန်းမှုကို မာရက်စကာက ''ကျွန်တော်တို့ အစ်ဝစ်ချ်နဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ သူ့ကို အင်္ဂလန်အသင်းရဲ့ နံပါတ်(၉)ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။ အခု သူက ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်လာတော့ ဒီစကားကိုပဲ ကျွန်တော် ထပ်ပြောရမှာပါ။ သူ အင်္ဂလန်အသင်းရဲ့ အနာဂတ်နံပါတ်(၉) ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော် နည်းနည်းမှ သံသယမရှိပါဘူ။ ကျွန်တော်တို့ မန်စီးတီးယူ-၂၃ အသင်းမှာလည်း အောင်မြင်မှုရခဲ့ဖူးပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွဲမှုက Win-Win ပါ။ ကျွန်တော်တို့ သူ့ကို သဘောကျသလို၊ သူကလည်း ကျွန်တော်တို့အသင်းကို သဘောကျပါတယ်''လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းက တိုက်စစ်မှူးသစ် ဒီလပ်ကို ကျောနံပါတ်(၉) ပေးအပ်ထားပါတယ်။

မူရင်းသတင်း — Eleven Media Group