
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ် (၁၇) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဆရာမတစ်ဦးအား ဇွန် ၁၄ ရက်တွင် PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ပခုက္ကူ မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ အမှတ် (၁၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှ လက် ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်မီလှိုင် (၂၈ နှစ်)သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် ဇွန် ၁၄ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် PDFင်္ ငါးဦးက သေနတ်များကိုင်ဆောင်ကာ ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ဒေါ်ဇင်မီလှိုင်အား လက်နောက်ပြန်ကြိုးတုပ်၍ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ကျောင်းဆရာတစ်ဦးအား ဖမ်းဆီးသွားသည့် PDF များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကက သတင်းထုတ်ပြန်ထားသည်။