
အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ တိုက်စစ်မှူး ဝပ်ကင်စ်ကို ခေါ်ယူဖို့ ချိန်ရွယ်လာကြောင်း သိရပါတယ်။
တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်နဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှကိုတို့ကို အဓိကပစ်မှတ်ထားနေကြောင်း သတင်းထွက်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ အက်စတွန်ဗီလာတိုုက်စစ်မှူး ဝပ်ကင်စ်ဘက်ကို ခြေဦးလှည့်လာတယ်လို့ သိရပါတယ်။
ယိုကယ်ရက်စ်နဲ့ ရှက်ရှကိုတို့ကို ခေါ်ယူဖို့က ကုန်ကျစရိတ်များပြားမှာကြောင့် အင်္ဂလန်တိုက်စစ်မှူး ဝပ်ကင်စ်ကိုပဲ ဦးစားပေးကြိုးပမ်းဖွယ်ရှိကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဝပ်ကင်စ်(၂၉ နှစ်)ဟာ အာဆင်နယ်အသင်းရဲ့ ပရိသတ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သူဖြစ်တယ်လို့ ဝန်ခံခဲ့ဖူးသူဖြစ်ပြီး အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်ခဲ့တုန်းကလည်း ပျော်ရွှင်ကြောင်း ပြောကြားခဲ့ဖူးသူဖြစ်ပါတယ်။
အာဆင်နယ်အသင်းက ဝပ်ကင်စ်ကို ပေါင်သန်း(၄၀)ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။