
ဘာစီလိုနာအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ထံ တောင်းဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။
မက္ကဆီကိုကလပ် လီယွန်အသင်း ပိုင်ရှင်တူကလပ်ဖြစ်တဲ့ ပါချူကာနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတူပါဝင်နေလို့ ထုတ်ပယ်ခံရချိန်က ဘာစီလိုနာအသင်း တောင်းဆိုခဲ့တာဖြစ်တယ်။
ဒါပေမဲ့ FIFA က ဘာစီလိုနာအသင်းရဲ့တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။
FIFA အနေနဲ့ လီယွန်အသင်းရဲ့နေရာကို ကွန်ကာကပ်ဖ်ကလပ်အသင်းတစ်သင်းနဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
FIFA ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တစ်နိုင်ငံတည်းက နှစ်သင်းသာ အများဆုံး ခွင့်ပြုခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ နောက်ဆုံးလေးနှစ် ဥရောပပြိုင်ပွဲရလဒ်ကို ဆုံးဖြတ်တာဖြစ်ပြီး ဘာစီလိုနာထက် ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကိုအသင်းတို့က စွမ်းဆောင်ရည် ပိုကောင်းခဲ့ပါတယ်။
လီယွန်အသင်းရဲ့နေရာအတွက် မေဂျာလိဂ်ကလပ် LAFC နဲ့ မက္ကဆီကိုကလပ် ကလပ်အမေရိကအသင်းတို့ Play-in တစ်ပွဲ ကစားခဲ့ပြီး LAFCအသင်း အနိုင်ရခဲ့လို့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားနေတာဖြစ်ပါတယ်။